Saturday 10 April 2010

7-မျက်ရည် ဆုတောင်း

မှိုင်းညို့ညို့
ဟိုး…. တောင်ရိုးဆီက
မိုးသားတိမ်လိပ်
တရိပ်ရိပ်တက်
ပိန်းပိတ် မည်းမှောင်
ပြိုယောင် ဖန်ဆင်း
ငိုချင်းရှည်ကြီး စတော့မယ်……။
ကောင်းကင်မျက်ရည်
ကမ္ဘာမြေကို ကြွေတော့
သစ်ပင် တောတန်း
စိမ်းလန်း ရွှင်ပြ
ပန်းအလှနှင့်
မြင်မြင် သမျှ
ကြည်နှုးဖွယ်ရာ……….။
ချစ်သူရေ…..
ငါက ကောင်းကင်
မင်းက မြေပြင် ဆိုတော့……..
ငါရဲ့မျက်ရည်
မိုးစက်တွေနဲ့
မင်းရဲ့ ကမ္ဘာမြေလေး
သာယာစေဖို့
ငါ ဆုတောင်းလို့နေတယ်…….။

No comments:

Post a Comment