ချစ်သူ ….
ဆောင်းညတွေ မှီခို နွေခေါင်ခေါင် ကမ်းပါးထက်
ရပ်ကြည့်ရင်းနဲ့ပဲ …
ငါ့ .. ရင်ခုန်သံ .. ခြောက်ကပ်ခဲ့တယ် …
လွမ်းလွန်းလို့ရူး … မှန်းလွန်းတော့လည်း
နောက်ကောက်ကျပြန်သတဲ့ ချစ်သူ …..
တကယ်ဆို …
ငါတို့ နှစ်ယောက်ကြားမှာ ရာသီစက်ဝိုင်းမလိုအပ်ခဲ့ဘူး
မင်းက နွေဆို …. ကိုယ်က ဆောင်းပေါ့ ..
ငါ့ရင်ကွဲ ဒိုင်ယာရီကတော့
မိုးတဖွဲဖွဲထဲမှာ လူတွေမမြင်အောင် သိုသပ်ခဲ့ရပြီးပြီလေ ..
ချစ်သူ .. ဘာမှမလိုအပ်တော့ပါဘူး ….
ချစ်သူ … မတောင်းတချင်တော့ပါဘူး …
ဟောဒီ့ ရင်ဘတ်နဲ့ မဆန့်တဲ့ အချစ်တွေ
လူတွေ သတိမထားမိခင်မှာ မင်းကို ပေးခဲ့တာပဲ …
ဒီလိုနဲ့ပဲ … ငါ့ လက်ဖ၀ါးထက်မှာ မိုးစက်တွေ ခိုခဲ့ပြန်ပီ …..
ဝေးကွာခြင်းဆိုတာ သတ်မှတ်သူတစ်ယောက်အတွက်
နောက်ပြန်လှည့်မရတဲ့ လမ်းဆိုရင် ……
မင်း စိတ်တိုင်းကျ ဆက်လျှောက်ပေါ့ …
အဲဒီ့လမ်းတွေ အတွက် ..
ငါ့ဒဏ်ရာတွေခင်းထားပေးမယ် …
ချစ်သူ ကျေနပ်ဖို့ပေါ့ ။
No comments:
Post a Comment