Friday 16 April 2010

51-အချစ် အမုန်း ဟာသ ခံစားချက် လုံးဝမရှိသူ

ငါဟာ ဂဋ္ဌုန်၊
မင်း ငါ့အတောင်ပံတွေရိုက်ချိုးလိုက်လည်း
မင်းအတွက် ငါ့နှုတ်သီးက မိုးကြိုးသွားလိုထက်ရှနေဦးမှာဘဲ။
. . .

ငါဟာ ဂဋ္ဌုန်၊
မင်း ငါ့အတောင်ပံတွေရိုက်ချိုးလိုက်လည်း
မင်းအတွက် ငါ့နှုတ်သီးက မိုးကြိုးသွားလိုထက်ရှနေဦးမှာဘဲ။

ငါဟာ နဂါး၊
မင်း ငါ့အမြီးကို ဖြတ်တောက်လိုက်လည်း
နဂါးမျက်စောင်း အကြောင်းသုံးပါး မရွေးဘူးကွ။

ငါဟာ ခြင်္သေ့
မင်း ငါ့အစွယ်တွေကို ချိုးဖျက်ပစ်လည်း
ကေသရာဇာရဲ့ အားမာန် မြေကိုလှန်ပစ်လိုက်မယ်။

မာန်တင်းခဲ့တဲ့ငါ
ထန်ပြင်းခဲ့တဲ့ငါ
ရန်ရှင်းခဲ့တဲ့ငါ
လောကဓံမှာတော့
ငါဟာ ဘာကြောင့်
မာန် ထန် ရန် တွေကိုမကျော်လွှားနိုင်ရတာလဲ။

လောကဓံဟာ အတွေ့အကြုံများတယ်

လောကဓံဟာ တစ်ယောက်ချင်းယှဉ်နေတာမဟုတ်ဘူး

လောကဓံဟာ သတ္တဝါအားလုံးကို ဂရုမစိုက်ဘူး

လောကဓံဟာ မာယာများတယ်

လောကဓံဟာ ရိုးရှင်းတယ်

လောကဓံဟာ သတ္တိလည်းရှိတယ်

လောကဓံဟာ တွေဝေမနေဘူး

လောကဓံဟာ ပြတ်သားတယ်

လောကဓံဟာ စိတ်ထက်မြန်တယ်

လောကဓံဟာ မာကျောတယ်လောကဓံဟာ ထက်မြက်တယ်

လောကဓံဟာ သနားကြင်နာခြင်းကင်းတယ်

လောကဓံဟာ သေခြင်းတရားကိုလည်းမကြောက်ဘူး

လောကဓံဟာ ရှင်ခြင်းတရားကိုလည်းမကြောက်ဘူး

လောကဓံဟာ ဘာသာတရားလည်းမခွဲခြားဘူး

လောကဓံဟာ အဆင့်အတန်းလည်းမခွဲခြားဘူး

လောကဓံဟာ လူမျိုးလည်းမကြည့်ဘူး

လောကဓံဟာ ပညာရှင်ကိုလည်း ဂရုမစိုက်ဘူး

လောကဓံဟာ အချစ် အမုန်း ဟာသ ခံစားချက် လုံးဝမရှိဘူး

လောကဓံဟာ ငိုပြ ရယ်ပြ တောင်းပန်ပြလို့လဲ မရဘူး

လောကဓံဟာ အံတုတာလည်း ဂရုမစိုက်ဘူး

လောကဓံဟာ ရန်ပြုတာလည်း ဂရုမစိုက်ဘူး

လောကဓံဟာ တသမတ်ထဲရှိတယ်

လောကဓံဟာ ကွေ့ကောက်မနေဘူးလောကဓံဟာ လောဘ ဒေါသ မောဟ လည်းမရှိဘူး

လောကဓံဟာ သောက နဲ့ ဗျာဘာဋ လည်းမရှိဘူး

လောကဓံဟာ ထုထောင်းလို့လဲ မရဘူး

လောကဓံဟာ ပူတာအေးတာလည်း မသိဘူး

လောကဓံဟာ စေတနာတွေ ဝေဒနာတွေ မရှိဘူး

လောကဓံဟာ ဘယ်အရာကိုမှမသိဘူး

လောကဓံဟာ ဘာအတွေးအခေါ်မှမရှိဘူး

လောကဓံဟာ ဘာကိုမှလည်း မကြောက်ဘူး

လောကဓံဟာ နေစင်္ကြာဝဋ္ဌာကိုလည်း မမှုဘူး

လောကဓံဟာ ကမ္ဘာပျက်မှာကိုလည်း မပူဘူး

လောကဓံဟာ အားလုံးရဲ့အထက်မှာရှိတယ်

လောကဓံဟာ လောကဓံဘဲ

ယှဉ်လာသူ ရူးသွားစေ့မယ်။
: Ko Ko Gyi

No comments:

Post a Comment