Monday 19 April 2010

124- အချစ် ရဲ.လိမ်ညာခြင်းကိုခံခဲ.ရသူ

အစတုန်းကတော့ အပျော်ချစ်မယ် လို့ ရည်ရွယ်ခဲ့တာပဲ……ဒါပေမယ့်

အချိန်တွေကြာလာတာနဲ့ အမျှ ငါမင်းကို ချစ်မိ နေသလို ဖြစ်လာတယ်…..

ဘာကြောင့်လဲ့လို့ အဖြေရှာခဲ့ပေါင်း များပြီ….မေးခွန်းတွေပဲ ငါ့ ဦးနှောက်ထဲမှာ

ရှိနေခဲ့တယ်… သူ့ဘက် က တနေ့ လမ်းခွဲသွားမယ် ဆိုတာ သိနေရက်နဲ့

ငါဘာကြောင့် များဝမ်းနည်းနေရတာလဲ..၀မ်းမနည်း သင့်ဘူးလို့ စိတ်ထဲမှာ

အားတင်းခဲ့လဲ မရခဲ့ပါဘူး..အချစ် ဆိုတဲ့ အရာကလဲ ခက်တာပဲနော်……

သေချာတာတစ်ခုတော့ရှိတယ်..ဒီတစ်ကြိမ် တော့ ငါ့ဘက်မှာ အသဲကွဲ

ဒဏ်ရာတစ်ခု ရခဲ့မှာ အမှန်ပဲ….ငါကျေနပ်ပါတယ်….မင်းကိုချစ်မိခဲ့တာ ကိုး..

မင်းပြောဖူး တဲ့ စကားလေးတစ်ခွန်းကို ငါသတိရနေဆဲပါ..

`တကယ် ချစ်ရင် တကယ်ခံစားရတယ်တဲ့´ ငါဟာ မချစ်သင့်ပဲချစ်ခဲ့မိလို့

ခံစားရတယ်လို့ ပဲ သတ်မှတ် ထားပါတယ်…ငါ့မှာတော့ အိပ်မပျော်နိုင်တဲ့ ညများ

မင်းနဲ့မှ ရေးတက်ခဲ့ တဲ့ကဗျာတွေ သီချင်းတွေ နဲ့ ပဲ နေ့ရက်များကို ခက်ခဲစွာနဲ့

ဖြတ်သန်းခဲ့ရတယ်…ဒါတွေကို မင်းကသိနေပေမယ့် နေနိုင်ခဲ့တာပဲလေ………..

ငါကရောဘာကြောင့် တိုတောင်းတဲ့ အချိန်လေး အတွင်းမှာ ဒီလောက်ခံစားနေရတာလဲ

အခုတော့ ငါဆုံဖြတ်ချက်တစ်ခု ကို ကြီုးစား ချထားခဲ့ပါပြီ…ဒီဆုံးဖြတ်ချက်ဟာလဲ

ငါ့အတွက် အမှန်ကန်ဆုံးဖြစ်မယ်လို့ ငါထင်ပါတယ်……… …….. …..

ငါမင်းနဲ့ လမ်းခွဲတော့မယ် ကောင်မလေး ……. …… …. …… …. … ..

ငါ့ရင်ဘတ်ထဲက ဒဏ်ရာ သေးမွှားနေတုန်းမှာ ငါဒီလိုမလုပ်ခဲ့ရင် ကြာလာရင်

ငါဒီအတွက်နဲ့ သေတဲ့အထိ ဒါမှ မဟုတ် မင်းကိုတွေ့တိုင်း ငါခံစား နေရလိမ့်မယ်

ကောင်မလေး………… မင်းလဲ ငါလို့အဖြစ်မျိုး မခံ စားပါရစေနဲ့လို့……………..

ငါဆုတောင်းခဲ့ပါတယ်ကွာ…….



`ခြေလှမ်းတွေ ကို ခဏရပ်

ဆန္ဒတွေ တစ်ထပ်တည်းကျဖို့

တစ်ကပြန်စမယ်…………….´

No comments:

Post a Comment