Monday 19 April 2010

125- ချစ်သူ မသိလိုက်သော တမ်းခြင်း

ချစ်သူ…….

မင်းနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို ငါဟာမျက်စိမှိတ် မသိသလို နေလာခဲ့တာပဲ၊

ဒါပေမယ့်…လူတစ်ယောက်ရဲ့ သည်းခံမှုဆိုတာ အတိုင်းအတာရှိတယ်……

ငါ့အတွက် တော့ ကျော်လွန်ခဲ့တဲ့သည်းခံမှု အတိုင်းအတာကို မင်းကိုချစ်တဲ့ စိတ်နဲ့ပဲ

ဖုံးကွယ်ခဲ့ရတယ်……..“သည်းခံခြင်းသည် အောင်မြင်ခြင်း”တဲ့ အဲဒီ့ စကာပုံဟာ ကိုယ့်အတွက် တော့

ခုချိန်ထိ လွဲချော်နေတုန်းပဲ…..ကိုယ့်ရဲ့စိတ်တွေဟာ လက်ဝှေ့ပွဲ မှာ

အလဲထိုးချက်မိပြီး ပြန်မထနိုင်တော့ တဲ့ လူတစ်ယောက်လိုပါပဲ……အရာရာတိုင်း မင်ပြောတဲ့

အတိုင်းနေပေးတဲ့ ငါ့ရဲ့ဘ၀ကတော့ ကောင်းကင်ကစွန်ငယ်လေး ကို ဘယ်အချိန်ပြတ်

တောက်သွားမယ်ဆိုတာကို စိုးရိမ်တကြီး ကြည့်နေတဲ့ ကလေးတစ်ယောက်လို ဖြစ်နေခဲ့တာ

မင်းသိရဲ့လား……..

ချစ်သူ………..

ငါ့ရင်ထဲကိုတစ်ချက်လောက်ဝင်ကြည့်စမ်းပါ…..ငါ့နှလုံးသားကတစ်ချက်

ထုတ်လွှတ်လိုက်တဲ့ သွေးတွေတိုင်းမှာ မင်းက လိုက်ပါစီးဆင်းပြီ ငါ့ရဲ့ အသွေးအသား

ထဲမှာ စိမ့်ဝင်နေတာကြာပြီပေါ့…………ငါ့ရဲ့ဝေဒနာကို သက်သာလာအောင်

မင်းတစ်ယောက်ပဲ လုပ်ပေးစွမ်းနိုင်တာာပါ…….ကိုယ်ဘက်ကတော့ မင်းကိုချစ်တဲ့

အချစ်ဟာ ကမ္ဘာပေါ်က ချစ်သူတွေထက်တော့ မလျော့ပါဘူး…….နောက်ဆုံးတော့လဲ

ငါ့ရဲ့မျှော်လင့်ခြင်း လှေငယ်ကို မင်းရဲ့အဆုံးအစမရှိ ပင်လယ်ပြင်ကြီးထဲမှာ ထာဝရ

ရွက်လွှင့်ပြုလိုက်ပါပြီ ချစ်သူရယ်……………….





ထိန်းချုပ်မှုမရှိတဲ့

စကာလုံးတွေနဲ့

တားမြစ်ခွင့်မရလိုက်တဲ့

ဝေးကွာခြင်းမှာ

နှလုံးသားတစ်ခု

ဒဏ်ရာရခဲ့တယ်…..

No comments:

Post a Comment