Saturday 10 April 2010

6-ဝေးကွာခြင်း

ပုရွတ်ဆိတ် တကောင်အတွက်
ထမင်းလုံး တလုံးဟာ
ကြီးကျယ် ခမ်းနားမှုပါ……။
ဖားသူငယ်အတွက်တော့
နွားခြေရာခွက်ထဲကရေဟာ
အတိုင်းအဆမရှိ ခမ်းနားမှုပါ…..။
ငါလိုလူအတွက်တော့
မင်းက
တော်ဝင်စံထားလောက်တဲ့
အချစ်ရဲ့ နတ်ဘုရား တပါးပါ….။
ဒါပေမဲ့
ငါ….
က ချင်နေတဲ့ ဇာတ်လမ်းက
ငါ့ကို သေခန်းဖြတ်သွားတယ်…..။

No comments:

Post a Comment