Saturday 10 April 2010

5-မတည့်သော……

မစခင်ကတည်းက ဆုံးသွားတဲ့ ပုံပြင်
မဆုံခင်ကတည်းက ကွဲသွားတဲ့ အဖြစ်
မချစ်ခင်ကတည်းက မုန်းခံရသူတယောက်ဟာ
မသောက်ခင်မှာ မူးနေခဲ့ပြီပေါ့…….။
အမျိုးမှန်တဲ့
ပိုးဖလံတကောင်ဟာ
မီးကို တိုးဖို့ ကြိုးစားပေမဲ့
ကံဆိုးလို့ သွားလေရာမှာ
မိုးတွေသာ ရွာနေခဲ့ပြီလေ……။
ရတာတိုင်းလဲ မလိုချင်ခဲ့ဘူး……။
လိုတာတိုင်းလဲ မရနိုင်ခဲ့ဘူး…..။
ငါးမရလို့တော့ ရေချိုးပြီး မပြန်နိုင်ပါဘူး….။
လိုချင်နေတဲ့ တော်ဝင်နှင်းဆီဟာ
မှော်ဝင်အလှအပတွေနဲ့
သူရဲ့ အနားမှာ
ဆူးတွေခြားပြီး
ပင်မြင့်က ပန်းတပွင့်မို့
(ငါလို [...]

No comments:

Post a Comment