Saturday 10 April 2010

4-နောင်တ

ပင်ထက်ယံမြင့်
ပန်းတပွင့်သည်
စွင့်လန်းအမြင်ဆန်း
ဆွတ်ယူလှမ်းကာ
နမ်းဖို့ပြင်ဆင်
မြတ်နိုးချင်တယ်……….။
ထိုစဉ်ခဏ
ပန်းဘဝကို
နွမ်းလျှကြေမွ
စိုးထိတ်လှစွာ
ဝေဒနာနှင့်
အသာပွေ့ဖက်
မခူးရက်ခဲ့………….။
ပင်ထက်ကပန်း
မညိုးနွမ်းခင်
လက်ကမ်းဆွတ်ယူ
နမ်းသူပေါ်လာ
ရင်မှာ ဒေါသ
မိုက်နောင်တနှင့်
ယူကြုံးမရ
တစစ ကြွေမွ
ရင်ကွဲနာကျခဲ့………..။

No comments:

Post a Comment