Saturday 10 April 2010

1-ပြန်စမယ်..

ငွေ့ရည်ဖွဲ့ အတွေးတိမ်တွေဟာ
မျက်လုံးအိမ်တွေက တဆင့်
မျက်ရည်များအဖြစ် စီးဆင်း
ငါ့ ပါးပြင်ကို လမ်းခင်းလာကြပြီ……..။
ဘယ်တော့မှ……..
ဘယ်တော့မှ……
ပြန်မရတော့ဘူး…။
ပြီးဆုံးသွားတဲ့ ပြဇာတ်
မတ်တပ်ငေးကြည့်ရုံသာ……..
ကံဆိုးခြင်း မိုးသီးမိုးပေါက်တွေက
အငြိုးတကြီးနဲ့ရွာ
ငါ့ ကမ္ဘာဟာ ကယ်သူမဲ့
ကဲ့ရဲ့သူတွေ စကားလုံးများအောက်
ငါတည်ဆောက်ခဲ့တဲ့ စိတ်တာတမံ
ရေတွေလျှံ ကျိုးပေါက်ကုန်တော့မယ်……။
မုန်တိုင်းတွေပြီးနောက်……. လေပြည်လေညင်းများ
ပူပြင်းခြောက်သွေ့မှုတွေပြီးနောက်……. စိမ်းလန်းစိုပြည်မှုများ
သန်းခေါင်ယံ အမှောင်ယံတွေပြီးနောက်…… အလင်းရောင်များ
မျှော်လင့်တယ်……
ငါ …. [...]

No comments:

Post a Comment