Saturday 10 April 2010

10-***ဆုံနိုင်ခွင့်လေး၇ပါစေ***

တစ်မြေစီချားနေတဲ့ ဘ၀နှစ်ခုမှာ မသေချာတဲ့မနက်ဖန်တစ်ခုက
မှိန်ပြပြဆုံနိုင်ခွင့်ဆိုတာကို
မျှော်လင့်ချင်းမီးအိမ်လေးထွန်းလို့
ငါရှာမိတယ်..ငါ့ရဲ့မိတ်ဆွေ အလွမ်းကတော့ ငါ့အနားမှာ
အချိန်တိုင်းရှိနေတယ်
အလွမ်းရဲ့ ထိုးနှက်မှုကြောင့်လဲ အကြိမ်ကြိမ်ပြိုလဲခဲ့ရတယ် ငါ့ရဲ့အိပ်စက်ခြင်းတွေ
သူဖျက်ဆီးလို့ အိပ်ပျက်ညတွေကို ဖန်တီးတယ်
တရေးတစ်မှိတ်အိပ်ပျော်ခဲ့ချိန်မှာတောင်
တမ်းတခြင်းတွေကြောင့် အိပ်မက်ထဲထိရောက်လာတယ်
ဖျက်ခနဲ လန့်နိုးမိတော့ ဆုတောင်းမိတယ်
ဘာရယ်တော့မဟုတ်ပါဘူး………. *ဆုံနိုင်ခွင့်လေး ရပါစေ*

1 comment:

  1. laminlay ဆိုတာက ဘယ်သူလဲမသိဘူး
    အခု တင်ထားတဲ့ ကဗျာလေးက ကျွန်တော် ကိုယ်တိုင်ရေးထားခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ် ကျွန်တော် သိချင်တာလေးရှိလို့ပါ ဒီကဗျာကို
    ဘယ်ကနေရတာလဲဆိုတာ ပြောပြနိုင်ရင် ကျွန်တော့ ကို ပြောပြပါ။

    ReplyDelete